၁၀၂၇ စစ်ဆင်ရေး”အပေါ် မီဒီယာများ၏သတင်းဖော်ပြချက်များကို ဆန်းစစ်လေ့လာခြင်း

BSI အဖွဲ့အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် ၂၀၂၃၊ အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂၆ ရက်အတွင်း လူမှုကွန်ရက်ပေါ်တွင် သတင်းမီဒီယာများက ရေးသားဖော်ပြခဲ့သော ၁၀၂၇ စစ်ဆင်ရေးနှင့်ပတ်သက်သည့် သတင်းနှင့် သုံးသပ်ချက် စုစုပေါင်း ၉,၂၁၈ ခုကို ဆန်းစစ်လေ့လာခဲ့ပါသည်။ ထိုသို့ဆန်းစစ်လေ့လာရာတွင် ရှုထောင့် ၅ ခုမှ သုံးသပ်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးအပေါ် ယေဘုယျအမြင်၊ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ၊ တိုင်းရင်းသားလက်နက်ကိုင်/ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ အခန်းကဏ္ဍ၊ မြန်မာစစ်တပ်၏ အခန်းကဏ္ဍ၊ လူမှုစီးပွားသက်ရောက်မှုနှင့် ပဋိပက္ခဖြေရှင်းရေး အကြောင်းအရာများနှင့် ပတ်သက်သည့် သတင်းစကားများကို ဖော်ပြခဲ့မှုအခြေအနေများနှင့် ထိုသတင်းစကားများအပေါ် တုံ့ပြန်မှုအခြေအနေများပါဝင်ပါသည်။

အစီရင်ခံစာရယူရန်

Englishမြန်မာ

Copyright © 2024 BSI