ဘူးသီးတောင်ဖြစ်ရပ်အပေါ် လူမှုကွန်ရက် သတင်းစကားများ ဆန်းစစ်လေ့လာမှု

BSI အဖွဲ့အနေဖြင့် ဘူးသီးတောင်ဖြစ်ရပ်နှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မည်သို့ရေးသား ပြောဆို ပုံဖော်နေကြသည်ကို သိရှိနိုင်ရန် Facebook နှင့် Telegram ပေါ်ရှိ သတင်းစကားများကို စောင့်ကြည့်လေ့လာမှုပြုလုပ်ခဲ့ပါသည်။ ဆန်းစစ်လေ့လာသည့်ကာလအဖြစ် ဘူးသီးတောင်မြို့နယ်ကို ထိန်းချုပ်ပြီး ရက်သတ္တပတ် နှစ်ပတ်တာကာလ (မေလ ၁၈ ရက်မှ မေလ ၃၁ ရက်၊ ၂၀၂၄ထိ) ကို သတ်မှတ်ခဲ့ပါသည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ သုံးသပ်ရေးသားပြောဆိုထားသည့် ရှုထောင့်အမျိုးမျိုးအနက် BSI သုတေသနအဖွဲ့အနေဖြင့် အရေးကြီးသည်ဟု ယူဆသည့် အကြောင်းအရာရှုထောင့် ၄ ခုကို အဓိကထားလေ့လာခဲ့ပါသည်။ (၁) SAC သို့မဟုတ် AA ထံမှ တာဝန်ယူမှု၊ တာဝန်ခံမှုတောင်းဆိုခြင်း၊ (၂) မွတ်စလင်ဆန့်ကျင်ရေး၊ (၃) လူသားချင်းစာနာမှုဆိုင်ရာ အကြောင်းအရာများနှင့် (၄) NGO/CSO များ သို့မဟုတ် မီဒီယာ သို့မဟုတ် နိုင်ငံတကာအသိုင်းအဝိုင်းအပေါ် အမြင်များ စသည့် အကြောင်းအရာများဖြစ်ကြပါသည်။

အစီရင်ခံစာရယူရန်

Englishမြန်မာ

Copyright © 2024 BSI