တက္ကသိုလ်ကျောင်းသူ ကျောင်းသားများအပေါ် အာဏာသိမ်းမှုအလွန် နိုင်ငံရေးအခြေအနေ၏ သက်ရောက်မှု သုတေသန စစ်တမ်း

နိုင်ငံရေးနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် လူငယ်များ၏ ပညာရေး၊ ရှေ့အနာဂတ်နှင့် နေ့စဉ်ဘဝတို့အပေါ် သက်ရောက်မှုများ၊ လူငယ်များ၏ ဒီမိုကရေစီတန်ဖိုးဆိုင်ရာ သဘောထားအမြင်နှင့် နိုင်ငံရေးဆိုင်ရာ သတင်းအချက်အလက်အရင်းအမြစ် ရရှိမှုတို့ကို သိရှိနိုင်ရန် ၂၀၂၃ခုနှစ်၊ ဧပြီလအတွင်းတွင် စစ်တမ်းငယ်တစ်ခုကို ကောက်ယူခဲ့ပါသည်။ ကျောင်းသူ/သားများ၏ လက်ရှိ ပညာသင်ယူနေမှု အခြေအနေ၊ ပျော်ရွှင်မှုအတိုင်းအတာ၊ အနာဂတ်မျှော်မှန်းချက်၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်း စသည်တို့အပေါ် လက်ရှိ နိုင်ငံရေးအခြေအနေ၏ ယေဘုယျ သက်ရောက်မှုတို့နှင့် ပတ်သက်၍ မေးခွန်းများ မေးမြန်းခဲ့ပါသည်။

စစ်တမ်းအစီရင်ခံစာ ရယူရန်

Englishမြန်မာ

Copyright © 2024 BSI