Blue Shirt ၏ သုတေသနလုပ်ငန်းများ
Blue Shirt အနေဖြင့် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအင်စတီကျူးရှင်းများ ခိုင်မာအားကောင်းလာစေရေး အထောက်အပံ့ဖြစ်စေရန်အတွက် သဘောထားအမြင်စစ်တမ်းများကောက်ယူခြင်း၊ လူမှုကွန်ရက်သုတေသနများ စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်းနှင့် နိုင်ငံရေးသတင်းအချက်အလက်များ စုစည်းဖော်ပြခြင်းတို့ကို လုပ်ဆောင်လျက်ရှိပါသည်။
စစ်တမ်းများ
Blue Shirt အနေဖြင့် လက်ရှိနိုင်ငံရေးနှင့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ဒီမိုကရေစီ၊ ဖက်ဒရယ်နှင့် ပဋိပက္ခဖြေရှင်းရေးကိစ္စများအပေါ် နိုင်ငံသားများ၏ သဘောထားအမြင်များကို ထင်ဟပ်စေရန်နှင့် ပြည်သူ့အသံများကို စုစည်းတင်ပြနိုင်ရန် စစ်တမ်းများကောက်ယူပြီး တွေ့ရှိချက်များထုတ်ပြန်လျက်ရှိပါသည်။
ပိုမိုကြည့်ရှုပါလူမှုကွန်ရက် သုတေသန
Blue Shirt ၏ လူမှုကွန်ရက်သုတေသနကို ၂၀၂၁ ခုနှစ်မှ စတင်ခဲ့ပြီး နိုင်ငံရေးတွင် အဓိကပါဝင်ပတ်သက်နေသူများအနေဖြင့် လူမှုကွန်ရက်မှတစ်ဆင့် ပြည်သူလူထုကို မည်သည့်သတင်းစကားများ မျှဝေနေသည်၊ နိုင်ငံရေးဆိုင်ရာပြဿနာများအပေါ် မည်ကဲ့သို့တုံ့ပြန်နေသည်တို့ကို ဆန်းစစ်လေ့လာလျက်ရှိပါသည်။
ပိုမိုကြည့်ရှုပါနိုင်ငံရေးအချက်အလက်များ
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် ပတ်သက်၍ တစ်စုတစ်စည်းတည်း လွယ်လင့်တကူရရှိပြီး အသုံးပြုနိုင်စေရန် သတင်းရင်းမြစ်များစွာမှ ရှာဖွေအတည်ပြုကာ စုစည်းတင်ပြလျက်ရှိပါသည်။
ပိုမိုကြည့်ရှုပါBlue Shirt အဖွဲ့အကြောင်း
Blue Shirt Initiative အဖွဲ့သည် အချက်အလက်သုတေသနအဖွဲ့တစ်ခုဖြစ်ပြီး နိုင်ငံရေးအားဖြင့် လွတ်လပ်၍ ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော ပြည်တွင်းအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီတန်ဖိုးများ အားကောင်းလာပြီး ခိုင်မာသည့် ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ တည်ဆောက်နိုင်ရေး အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်လျက် သုတေသနလုပ်ငန်းများနှင့် ပညာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေပါသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ တန်ဖိုးများနှင့် စည်းမျဉ်းများကို လိုက်နာကျင့်သုံးပြီး လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း လူမျိုး၊ ကိုးကွယ်ယုံကြည်ရာဘာသာ၊ လိင်စိတ်ခံယူမှုတို့နှင့် ပတ်သက်၍ ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူညီမျှစွာ ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင်လည်း လူမှုကွန်ရက်ဆိုင်ရာ သုတေသနအပါအဝင် နိုင်ငံသားများ၏ သဘောထားအမြင်စစ်တမ်းများ၊ သုတေသနများ ဆောင်ရွက်လျက်ရှိပါသည်။
“Liberation from dictatorships ultimately depends on the people's ability to liberate themselves.”
― Gene Sharp, From Dictatorship to Democracy
Blue Shirt Initiative မှ လုပ်ဆောင်လျက်ရှိသော သုတေသနလုပ်ငန်းများအကြောင်း ပိုမိုသိရှိလိုသည်ဖြစ်စေ၊ အကြံပြုလိုသည်များရှိသည်ဖြစ်စေ info@blueshirtinitiative.org သို့ ဆက်သွယ်နိုင်ပါသည်။