Blue Shirt Initiative မှကြိုဆိုပါတယ်
Blue Shirt Initiative-BSI အဖွဲ့သည် လွတ်လပ်၍ ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီတန်ဖိုးများ အားကောင်းလာပြီး ခိုင်မာသည့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ တည်ဆောက်နိုင်ရေး အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်လျက် သုတေသနလုပ်ငန်းများနှင့် ပညာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေပါသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ တန်ဖိုးများနှင့် စည်းမျဉ်းများကို လိုက်နာကျင့်သုံးပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လူမျိုး၊ ကိုးကွယ်ယုံကြည်ရာ ဘာသာ၊ လိင်စိတ်ခံယူမှုတို့နှင့် ပတ်သက်၍ ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူညီမျှစွာဆောင်ရွက်လျက်ရှိပါသည်။
လက်ရှိတွင်လည်း လူမှုကွန်ရက်ဆိုင်ရာ သုတေသနအပါအဝင် လူငယ်ရေးရာကိစ္စများနှင့် ပတ်သက်၍ သုတေသနများ ဆောင်ရွက်လျက်ရှိပါသည်။
လတ်တလော အစီရင်ခံစာများBlue Shirt ၏ သုတေသနလုပ်ငန်းများ
Blue Shirt အနေဖြင့် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအင်စတီကျူးရှင်းများ ခိုင်မာအားကောင်းလာစေရေး အထောက်အပံ့ဖြစ်စေရန်အတွက် သဘောထားအမြင်စစ်တမ်းများကောက်ယူခြင်း၊ လူမှုကွန်ရက်သုတေသနများ စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်းနှင့် နိုင်ငံရေးသတင်းအချက်အလက်များ စုစည်းဖော်ပြခြင်းတို့ကို လုပ်ဆောင်လျက်ရှိပါသည်။
စစ်တမ်းများ
Blue Shirt အနေဖြင့် လက်ရှိနိုင်ငံရေးနှင့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ဒီမိုကရေစီ၊ ဖက်ဒရယ်နှင့် ပဋိပက္ခဖြေရှင်းရေးကိစ္စများအပေါ် နိုင်ငံသားများ၏ သဘောထားအမြင်များကို ထင်ဟပ်စေရန်နှင့် ပြည်သူ့အသံများကို စုစည်းတင်ပြန်နိုင်ရန် စစ်တမ်းများကောက်ယူပြီး တွေ့ရှိချက်များထုတ်ပြန်လျက်ရှိပါသည်။
ပိုမိုကြည့်ရှုပါလူမှုကွန်ရက် သုတေသန
Blue Shirt ၏ လူမှုကွန်ရက်သုတေသနကို ၂၀၂၁ ခုနှစ်မှ စတင်ခဲ့ပြီး နိုင်ငံရေးတွင် အဓိကပါဝင်ပတ်သက်နေသူများအနေဖြင့် လူမှုကွန်ရက်မှတစ်ဆင့် ပြည်သူလူထုကို မည်သည့်သတင်းစကားများ မျှဝေနေသည်၊ နိုင်ငံရေးဆိုင်ရာပြဿနာများအပေါ် မည်ကဲ့သို့တုံ့ပြန်နေသည်တို့ကို ဆန်းစစ်လေ့လာလျက်ရှိပါသည်။
ပိုမိုကြည့်ရှုပါနိုင်ငံရေးအချက်အလက်များ
မြန်မာနိုင်ငံ၏ နောက်ဆုံးရ နိုင်ငံရေးသတင်းများ၊ အဖြစ်အပျက်များနှင့် သုံးသပ်ချက်များကို အချိန်နှင့်တပြေးညီ တိကျစွာ ရယူလိုက်ပါ။ နိုင်ငံ၏ ပြောင်းလဲနေသော နိုင်ငံရေးအခင်းအကျင်းနှင့် ပတ်သက်၍ သင့်အား အသိပေးနိုင်ရန် ကျွန်ုပ်တို့သည် မည်သည့်ပါတီကိုမျှ ဘက်မလိုက်သော သတင်းအချက်အလက်များကို ပေးအပ်ပါသည်။
ပိုမိုကြည့်ရှုပါဒီမိုကရေစီကို အားကောင်းစေခြင်း၊ ပြောင်းလဲမှုကို လှုံ့ဆော်ခြင်း
မြန်မာနိုင်ငံရဲ့ နောက်ဆုံးထွက်ပေါ်လာသည့် နိုင်ငံရေးသတင်းတွေ၊ အဖြစ်အပျက်တွေနဲ့ သုံးသပ်ချက်တွေကို အချိန်နဲ့တပြေးညီ တိကျမှန်ကန်စွာ ရယူလိုက်ပါ။
နိုင်ငံရဲ့ ပြောင်းလဲနေတဲ့ နိုင်ငံရေး အခင်းအကျင်းနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ ပြည့်ပြည့်စုံစုံ ရရှိနေစေဖို့ မည်သည့် ပါတီဘက်ကိုမှ မလိုက်တဲ့ သတင်းအချက်အလက်တွေကို ကျွန်တော်တို့ ပေးအပ်မှာဖြစ်ပါသည်။
ပိုမိုသိရှိရန်