BSI အကြောင်း
Blue Shirt Initiative-BSI အဖွဲ့သည် လွတ်လပ်၍ ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီတန်ဖိုးများ အားကောင်းလာပြီး ခိုင်မာသည့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ တည်ဆောက်နိုင်ရေး အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်လျက် သုတေသနလုပ်ငန်းများနှင့် ပညာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေပါသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ တန်ဖိုးများနှင့် စည်းမျဉ်းများကို လိုက်နာကျင့်သုံးပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လူမျိုး၊ ကိုးကွယ်ယုံကြည်ရာ ဘာသာ၊ လိင်စိတ်ခံယူမှုတို့နှင့် ပတ်သက်၍ ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူညီမျှစွာဆောင်ရွက်လျက်ရှိပါသည်။
လက်ိရှတွင်လည်း လူမှုကွန်ရက်ဆိုင်ရာ သုတေသနအပါအဝင် လူငယ်ရေးရာကိစ္စများနှင့် ပတ်သက်၍ သုတေသနများ ဆောင်ရွက်လျက်ရှိပါသည်။